text
stringlengths 6
9.41k
|
---|
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ခြင်း၊ စစ်ရေး တိုက်ခိုက်မှုများနှင့် ပူးပေါင်းထားသော ပြင်းထန်သည့် နိုင်ငံရေးအရ တိုက်ခိုက်မှုများနှင့် တပ်မတော် အစိုးရ၏ ဗမာ့နည်း ဗမာ့ဟန် ဆိုရှယ်လစ်ဝါဒ ကြေညာချက်ကို လက်ကိုင်ထားကာ ကွန်မြူနစ်ဟောင်းများ၏ အာဏာသိမ်းမှု အပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်သည်
|
ထိုအခါ ဂိုရှယ်၊ ရဲဘော်ထွေး၊ ဗိုလ်ရန်အောင် တို့က လက်နက်ကိုင် တော်လှန်ရေး၏ လိုအပ်မှုကို ပြန်လည် မေးခွန်း ထုတ်လာကြသည် သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ် နှင့် ဗိုလ်ဇေယျ တို့က ရဲဘော်အောင်ကြီး ဦးဆောင်သော "ပေကျင်းပြန်" များ၏ အထောက်အပံ့ ရရှိ၍ ဗဟို ကော်မတီ၏ အစည်းအဝေးကို နတ္တလင်း မြို့တွင် စက်တင်ဘာ ၉ ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ ၁၉၆၄ ခုနှစ်တွင် ကျင်းပနိုင်ခဲ့သည်
|
ထို အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၂၀ တွင် ၁၁ ဦးသာ တက်ရောက်နိုင်ခဲ့သည်
|
ဆိုဗီယက်နှင့် တရုတ်သဘောထား ကွဲလွဲမှုတွင် ဗမာပြည် ကွန်မြူနစ် ပါတီသည် ၁၉၅၅ ဆိုဗီယက် ပြန်လည်ပြင်ဆင်ရေး ဝါဒကို ကျောခိုင်းကာ တရုတ်ပြည် ကွန်မြူနစ် ပါတီကို ထောက်ခံ၍ ရပ်တည်ခဲ့သည်
|
ထိုအချိန်က ဗမာပြည် တောခို လက်နက်ကိုင် တပ်များဖြစ်ကြသော ကွန်မြူနစ်များနှင့် တိုင်းရင်းသား တပ်များသည် ဝါဒရေးရာအရ မလေ့လာသည်များ ရှိသော်လည်း နည်းဗျူဟာပိုင်းတွင် တရုတ်ပြည် ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌမော်၏ ပြောက်ကျားစစ်ကျမ်းကို လေ့လာ တိုက်ခိုက်နေရ သူချည်းသာဖြစ်သည်
|
ဗမာပြည် ကွန်မြူနစ်ပါတီသည် ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ် ပါတီကို မထောက်ခံသော်လည်း မတ်စ်-လီနင် ဝါဒကိုမူ ပစ်ပယ်ခြင်း မပြုခဲ့ပဲ မတ်စ်-လီနင် ဝါဒနှင့် မော်စီတုံး အတွေးအခေါ် ကို ပါတီ၏ အတွေးအခေါ်အဖြစ် ထားရှိကာ အနီရောင် နယ်မြေများအဖြစ် ကျေးလက်တောရွာများကို အခြေပြုကာ မြို့ပြကို သိမ်းပိုက်သော ဝါဒကို ပြန်လည် ကျင့်သုံးခဲ့ပြန်သည်
|
အဆိုပါ ဝါဒကို ဖြန့်ဝေရန် နိုင်ငံရေး ပထမဆုံး နိုင်ငံရေး သင်တန်းကို ၁၉၆၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စနိုင်ခဲ့သည်
|
၁၉၆၆၊ ဩဂုတ် ၁၆ အစည်းအဝေးအရ တရုတ်ပြည် ကွန်မြူနစ်ပါတီ လမ်းစဉ်ကို လိုက်၍ တပ်နီလူငယ် များကို ဖွဲ့စည်း၍ တက္ကသိုလ်နှင့် အထက်တန်းအောင် ကျောင်းသား လူငယ်များကို ပါတီ ဌာနချုပ်တွင် ထားရှိမည်ဟု ဆုံးဖြတ်ခဲ့ကြသည်
|
၁၉၆၇ တွင် ပါတီဥက္ကဋ္ဌကြီး သခင်သန်းထွန်းသည် တရုပ်ပြည်၏ လမ်းစဉ်ကို လိုက်ကာ ဖောက်ပြန်ရေး သမားများအား ဖြုတ်ချရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ယဉ်ကျေးမှု တော်လှန်ရေးတစ်ခု ဖန်တီးခဲ့လေသည်
|
ယဉ်ကျေးမှု တော်လှန်ရေးအား အများစုက ဖြုတ်၊ထုတ်၊သတ် လမ်းစဉ် ဟု ခေါ်တွင်သည်
|
၁၉၆၇ ခုနှစ်၏ ဧပရယ် ၂၇ တွင် ဂိုရှယ်နှင့် ရဲဘော်ဌေးကို ပေါလစ်ဗျူရိုမှ ထုတ်ပယ်ကာ ဂိုရှယ်ကို ဇွန်လ ၁၈ ရက်နေ့တွင် သေဒဏ်ပေး၍ ရဲဘော်ဌေးကိုလည်း သူ၏ သား ကိုယ်တိုင် ပါဝင်သော ရှင်းလင်းရေး အဖွဲ့နှင့် သေဒဏ် ပေးစေခဲ့သည်
|
ထိုအခါ ရဲဘော်ဘခက် ကဲ့သို့ ကွန်မြူနစ် ပါတီ၏ အဆင့်မြင့် ရာထူးမှ ပါတီဝင်များမှာ သခင်သန်းထွန်း၏ ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ အန္တရာယ် အငွေ့အသက်ကို ရရှိလာပြီ ဖြစ်သောကြောင့် ပါတီကို စွန့်ခွာကုန်ကြသည်
|
သခင်သန်းထွန်းသည် ဆက်လက်၍ ဒီဇင်ဘာ ၁၅ တွင် ပါတီအတွင်းစည်း တော်လှန်ရေး ဆုံးဖြတ်ချက်ကို ချမှတ်ကာ နိုင်ငံ တစ်ဝှန်းလုံးရှိ ပါတီဝင်များအား မိမိတို့ နယ်မြေအလိုက် ဖြုတ်၊ ထုတ်၊ သတ်များ ဆောင်ရွက်ကြရန် အမိန့်ပေးလိုက်သည်
|
ဤသို့ဖြင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် သည်လည်း ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ သားကောင် ဖြစ်သွားခဲ့လေတော့သည်
|
အထက်ပါ ပါတီဝင်များကို သေဒဏ်ပေးရာ၌ တပ်နီလူငယ်များကို ဦးဆောင်၍ ရှင်းလင်းရေးကို အကောင်အထည် ဖော်ခဲ့သော ဗိုလ်ထွန်းငြိမ်းမှာလည်း ပါတီ စင်ပြိုင်ထောင်ရန် ကြိုးပမ်းမှုဖြင့် သေဒဏ်ပေးခံရသည်
|
ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ခေါင်းဆောင်များ ဖြစ်သော ဗိုလ်ရန်အောင်၏ တူ အောင်သိန်းနိုင်၊ လူထု ဦးလှနှင့် လူထု ဒေါ်အမာတို့၏ သား၊ လက်ရှိ ပါတီခေါင်းဆောင်တဦးဖြစ်သူ ရဲဘော်ဖိုးသံချောင်း၏ အစ်ကို စိုးဝင်းတို့သည်လည်း ဗိုလ်ထွန်းငြိမ်းပြီး နောက်တစ်လတွင် ရှင်းလင်းခံလိုက်ရ လေသည်
|
တပ်မတော်ကလည်း ပါတီအတွင်း ရှုပ်ထွေးမှု အခွင့်အရေးကို ယူ၍ ထိုးစစ်များ ဆင်ရာ ၁၉၆၈ ၏ ဧပြီလ ၁၆ ရက်နေ့တွင် ကွန်မြူနစ် ပါတီမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျသည် ပြည်-သာယာဝတီ နှစ်ခုကြားတွင် တာဝန်ထမ်းဆောင်ရင် ကျဆုံးခဲ့လေတော့သည်
|
ဂိုရှယ် ကဲ့သို့ အိန္ဒိယသား ပါတီတည်ထောင် ကတည်းက ပါလာသူ တစ်ဦးဖြစ်သော ဒေါက်တာနတ် မှာလည်း ၁၉၆၈ ၌ပင် ဖြူးမြို့နားရှိ ပဲခူးရိုးမ တောထဲတွင် ကျဆုံးခဲ့သည်
|
အဆိုပါ ဖြစ်ရပ်သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပုံရိပ်ကို များစွာ ထိခိုက်စေခဲ့သည်၊ ၁၉၆၃ နောက်ပိုင်းမှ တောခိုလာသည့် ကျောင်းသား ခေါင်းဆောင်များကိုပါ သေဒဏ်ပေး ခဲ့သည့်အတွက် ဗမာပြည် ကွန်မြူနစ် ပါတီမှာ လူထု ရှေ့တွင် နာမည် ပျက်ခဲ့လေတော့သည်
|
ထို့ကြောင့် အစိုးရကို လက်မခံနိုင်သည့် ကျောင်းသား လူငယ်များမှာ ဗမာပြည် ကွန်မြူနစ် ပါတီကို သွားရောက် ခိုဝင်သင့်သည့် အဖွဲ့အစည်းဟု အယုံအကြည် မရှိကြတော့ပဲ တိုင်းရင်းသား နယ်မြေများကိုသာ သွားရောက်ခဲ့ကြ သည်ကို ၈၈၈၈ အရေးအခင်းမှ တောခို ကျောင်းသားများ၏ ဆုံးဖြတ်ချက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်
|
ကွန်မြူနစ် ပါတီ ကိုယ်၌လည်း အဆိုပါ လမ်းစဉ်ကြောင့် အမာခံ ပါတီဝင် ၁၀၀ ခန့် ဆုံးရှုံးခဲ့ရလေသည်
|
၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ၏ ၂၄ ရက်နေ့တွင် တပ်မတော်၏ ပြင်းထန်သော စစ်ဆင်ရေးများကို ခုခံ ဆုတ်ခွာရင်း (နောင်အခါ တပ်မတော်သို့ အလင်းဝင်သွားသော) သူ့ ကိုယ်ရံတော် မြကြီး၏ လုပ်ကြံမှုကို ခံလိုက်ရသည်
|
ထိုသို့လုပ်ကြံသူ မြကြီးသည် အစိုးရကစေလွှတ်ထားသော ထောက်လှမ်းရေးဟု ပြောဆိုမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်
|
မြန်မာ့သမိုင်းတွင် အထူးချွန်ဆုံး နိုင်ငံရေးသမားများ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်၍ အကြီးကျယ်ဆုံး လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနီးပါးမျှ နိုင်ငံရေး နယ်ပယ်တွင် လွှမ်းမိုးနိုင်ခဲ့သော သခင်သန်းထွန်းသည် လွပ်လပ်ရေး တိုက်ပွဲ အဆင့်တိုင်းနှင့် မြန်မာ့နိုင်ငံရေးသမိုင်း တွင် သူ၏ ပုံရိပ်များ ချန်ထားခဲ့ကာ အသက် ၅၇ နှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ စတုတ္ထမြောက် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေရင်း ကျဆုံးသွားခဲ့သည်
|
တရုတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တို့၏ ဆက်ဆံရေး အဆင်မပြေမှုက တရုတ် အစိုးရအား ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ်ပြည် ကွန်မြူနစ် ပါတီ အာဏာမရခင် ကတည်းက ကွန်မြူနစ် ပါတီချင်း ကူညီရေး မူကို ပြန်လည် ဖော်ဆောင်၍ အတိအလင်း ကူညီလာစေရန် ဖန်တီးလာခဲ့သည်
|
ရလဒ်အဖြစ် ကူညီရန် သဘောတူကြပြီး နောက်နှစ်တွင် ကရင့် တော်လှန်ရေးနှင့် ပူးပေါင်းခဲ့သော အစိုးရ ကချင် ရိုင်ဖယ် တပ်ရင်း ၁ ၏ ဗိုလ်မှူး နော်ဆိုင်းနှင့် သူ၏ တပ်သား ၃၀၀ သည် တရုတ်ပြည်တွင်း ခိုဝင်ခဲ့ကြသည်
|
ထို့နောက် ၁၉၆၈ ခုနှစ်၏ နှစ်သစ်ကူးနေ့တွင် ရှမ်းပြည်နယ်သို့ ပြန်ဝင်လာခဲ့ကာ နယ်မြေအချို့ကို သိမ်းပိုက်၍ အရှေ့မြောက် စစ်ဌာန၏ စစ်ဒေသ ၃၀၃ ဟု သတ်မှတ်လိုက်သည်
|
ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်မှလည်း နယ်မြေများ တိုက်ခိုက် သိမ်းပိုက်၍ စစ်ဒေသ ၄၀၄ ကိုလည်း ဆက်လက် တည်ထောင်ခဲ့ပြန်သည်
|
မြောက်ဘက်တွင်မူ စစ်ဒေသ ၂၀၂ကို ရွှေလီမြစ် တလျှောက်တွင် သတ်မှတ်လိုက်သည်
|
သို့သော် စစ်ဒေသ ၁၀၁ အဖြစ် တိုင်ရင်း နှင့် ဇလမ်းတို့ကို ကချင် လွတ်မြောက်ရေး အဖွဲ့ ကွဲထွက်သောအခါ ခက်ခဲစွာ သိမ်းယူ ရရှိသည်
|
ထို့နောက် တောင်ဘက် နယ်စပ်အတိုင်း တောက်လျှောက် ဆက်လက် သိမ်းပိုက်ရာ ၁၉၇၀ ၏ မလတ် ၂၈ ရက်နေ့၊ ဗမာပြည် ကွန်မြူနစ် ပါတီ၏ တော်လှန်ခြင်း နှစ်ပတ်လည် နေ့တွင် ကြူကုတ်ကို သိမ်းယူရရှိပြန်သည်
|
ထို့နောက် ၀ တောင်တန်း၏ မြောက်ဘက်ခြမ်းမှ မောင်းမူ ကို မေလ ၁ ရက်နေ့တွင် ရရှိသည်
|
လူထုအုံကြွမှု၏ နှစ်ပတ်လည် ၁၉၇၁၏ မတ်လတွင် ပြည်သူ့အသံ ကို တရုတ်နိုင်ငံ အတွင်းမှ စတင် ထုတ်လွှင့်နိုင်ခဲ့သည်
|
ထို့နောက် အခြား စင်ပြိုင် တပ်များ အနေနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထောက်ခံကူညီသော စစ်ဘုရင် လော်ဆစ်ဟန် နှင့် သူ၏ ကာကွယ်ရေး တပ်၊ ရှမ်းပြည်နယ် တပ်မတော်မှ ထောက်ခံ ကူညီသော စော်ဘွား မိသားစုမှ ဂျင်မီရန်း ခေါင်းဆောင်သော တပ်တို့ အလျှိုလျှို ပေါ်လာကြသည်
|
နောက်ပိုင်းတွင် သုံးနှစ် အထိမ်းသိမ်းခံထားရ ရာမှ လွတ်မြောက် လာသော ဦးနုတို့ ၁၉၆၉ တွင် ထိုင်းနိုင်ငံ၌ တည်ထောင်သော ပါလီမန် ဒီမိုကရေစီ ပါတီမှ ပံ့ပိုးသော ပြည်ချစ် တပ်များလည်း ပေါ်ပေါက် လာကြပြန်သည်
|
ဗမာပြည် ကွန်မြူနစ် ပါတီအတွက်မူ အခြား ဗမာလူမျိုးများသာ ဦးဆောင်သော ဖဆပလ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ကဲ့သို့ တိုင်းရင်းသား များနှင့် ပတ်သက်၍ လူမျိုးရေး ပြဿနာများ ရှိနေခဲ့သည်
|
ပါတီသည် ပါတီ၏ တော်လှန်ရေးအား အမျိုးသား ဒီမိုကရက်တစ် တော်လှန်ရေးကြီး တစ်ခုအဖြစ် မြေရှင်စနစ်၏ ဖိနှိုပ်မှု၊ နယ်ချဲ့စံနစ်နှင့် တပ်မတော် ဗျူရိုကရက်တစ်အရင်းရှင် စံနစ်တို့ကို လက်နက်ကိုင် တော်လှန်၍ ပြည်သူ့ ဒီမိုကရေစီကို ရရှိရန် တိုက်ခိုက်နေခြင်း ဖြစ်သည်
|
အခြား တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည်လည်း အလုပ်သမားနှင့် ဆင်းရဲသား မဟာမိတ်များနှင့် ပူးပေါင်းကာ အခြေခံလူတန်းစား ပစ္စည်းမဲ့ ခေါင်းဆောင်မှု ရှိသော ဗမာပြန် ကွန်မြူနစ် ပါတီ၏ ခေါင်းဆောင်မှု အောက်တွင် ကြိုးပမ်းရမည်ဟု ယုံကြည်သည်
|
တိုင်းရင်းသား တော်လှန်သူများမှာ ဖက်ဒရယ် စနစ်ကို ရှေ့တန်းမတင်သော ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းနေရခြင်းကို မေးခွန်းထုတ်လာ ကြသည်
|
တိုင်းရင်းသား လက်နက်ကိုင် တပ်များမှ ၁၉၆၈ မှစတင်ကာ တရုတ်ပြည်ကို သွား၍ အကူအညီ အထောက်အပံ့များ တောင်းဆိုသော အခါ တရုတ် အစိုးရမှ အတင်း ဖိအားပေး၍ ကွန်မြူနစ် ပုန်ကန်မှုနှင့်သာ ပူးပေါင်းရန် တိုက်တွန်းခဲ့သည်
|
အကူအညီ အထောက်အပံ့များသည် ဗမာပြည် ကွန်မြူနစ် ပါတီမှသာ တစ်ဆင့် ရခဲ့ကြပြီး စစ်သင်တန်းများပါ ပေးခဲ့သောအခါ အယူဝါဒပိုင်း ဆိုင်ရာတွင်လည်း လွှမ်းမိုးမှုများ ရှိလာခဲ့သည်
|
နောက်ပိုင်းတွင် တိုင်းရင်းသား တပ်များထဲ၌ ကွန်မြူနစ် ထောက်ခံသော တပ်များနှင့် ကွန်မြူနစ် ဆန့်ကျင်သော တပ်များဟူ၍ ကွဲထွက်လာကြသည်
|
၁၉၇၃ တွင်မူ ၀ နယ်မြေမှ ပန်ဆန်း နယ်စပ်ရွာတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တည်ထောင်သည်
|
လာအို နိုင်ငံနှင့် ကပ်လျက်ရှိသော နယ်မြေအား ပါတီ တည်ထောင်ခြင်း နှစ်ပတ်လည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ၈၁၅ စစ်ဒေသဟု အမည်ပေးခဲ့သည်
|
ရှမ်းပြည်နယ် တပ်မတော်၏ အင်အား ၁၀၀၀ မျှ ရှိသော ဗိုလ်ခွန်မြင့် ဦးဆောင်သည့် တပ်က လာရောက် ပူးပေါင်း၍ ကျိုင်းတုံ နယ်မြေတွင် တပ်မ ၁၇၈ ကို တည်ထောင်သည်
|
တောင်ကြီး၏ မြောက်ဘက်ကို စစ်ဒေသ ၁၀၈ အဖြစ် ထိမ်းချုပ်ထားရန် စီမံကိန်းတွင်တော့ တပ်မတော်၏ ၁၉၆၉-၇၀ တိုက်စစ်များကြောင့် ရှမ်းပြည်နယ် တပ်မတော် ဗိုလ်မှူး စိုးမောင်နှင့် ပြည်သူ့ရဲဘော် အဖွဲ့ဝင် သခင်တင်ထွန်းတို့ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည်
|
အရှေ့မြောက်တိုင်း စစ်ဌာန၏ အခြေခံ နည်းဗျူဟာပိုင်းဆိုင်ရာ ရည်ရွယ်ချက်မှာ ပါတီ၏ ပင်မ ဌာနချုပ် ဖြစ်သည့် မြန်မာပြည် အလယ်ပိုင်းနှင့် တရုတ် နိုင်ငံနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်မည့် မြန်မာပြည် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားခြင်း ဖြစ်သည်
|
သို့သော်လည်း ကချင် လွပ်လပ်ရေး အဖွဲ့မှ ပုန်ကန်သည့် အစိတ်အပိုင်းများ၊ ရှမ်းပြည်နယ် တပ်မတော်မှ ပုန်ကန်သည့် အစိတ်အပိုင်းများ နှင့် မြန်မာ့ တပ်မတော်တို့၏ ထိုးစစ်များကြောင့် ဆက်သွယ်ထားရန် ခက်ခဲလာခဲ့ပေသည်
|
သို့သော် ရရှိသော အထောက်အပံ့ဖြင့် ကွန်မြူနစ် ပါတီသည်၊ တိုက်တိုင်းအောင် တပ်ရင်း ၇ရင်းကို ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ပဲခူး ရိုးမ၊ အနောက်မြောက်တိုင်း စစ်ဌာနနှင့် ရခိုင် ပြည်နယ်တို့တွင် ဖွဲ့စည်းနိုင်ခဲ့သည်
|
တပ်မတော်က ထိုကဲ့သို့ ကွန်မြူနစ် ပါတီ၏ လူအင်အား ဖြည့်တင်းနေမှုများနှင့် အသစ်ပေါ်လာသော အရှေ့မြောက် စစ်ဒေသကို တုံ့ပြန်ရန် မြန်မာပြည် အလယ်ပိုင်းရှိ ကွန်မြူနစ်ပါတီကို ဗဟိုပြု၍ လက်နက်ကိုင် ရောင်စုံသောင်းကျန်းသူ များအား အစိုးရဖက်မှ စစ်ဆင်သော စစ်ဆင်ရေးကြီး ပြုလုပ်သည်
|
ရိက္ခာဖြတ်၊ အထောက်အပံ့ဖြတ်၊ သတင်း အချက်အလက် ဖြတ်တောက်ရေးနှင့် လူသစ် စုဆောင်းရေး ကို မလုပ်နိုင်အောင် ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များအား လူထု၊ ကျေးရွာများနှင့် အဆက်ဖြတ်ပစ်သော ဖြတ်လေးဖြတ် စစ်ဆင်ရေးကို စတင်ခဲ့သည်
|
ကွန်မြူနစ်ပါတီ၏ အနီရောင် နယ်မြေများမှ လွတ်မြောက်သွားသော အရပ်သားများတွင်လည်း အခြားနေရာသို့ ရွှေ့ပြောင်း ထွက်ခွာခွင့်၊ ပြန်လည် တိုက်ခိုက်ခွင့် (သို့) တပ်မတော်သို့ ဝင်ရောက်ခွင့်တို့ ရှိလာကြသည်
|
နိုင်ငံတော်၏ ပြည်နယ်နှင့် တိုင်းများတွင်လည်း အဖြူရောင်၊ အညိုရောင်၊ အနက်ရောင် နယ်မြေဟူ၍ လက်နက်ကိုင် အတိုက်အခံများ ထိမ်းချုပ်မှု ပမာဏနှင့် သတ်မှတ်သည်
|
ထို့နောက် အခြား နယ်မြေများတွင် သတ်မှတ်နယ်မြေပြင်ပ တွင် တွေ့ရှိရသော မည်သည့် ရွာသားကို မဆို အမေးအမြန်းမရှိ ပစ်ခတ်ခွင့်ရှိသည့် လုံခြုံရေး စည်းကျပ် နယ်မြေများ အဖြစ် တပ်မတော်က သတ်မှတ်ခဲ့သည်
|
ကျေးရွာများတွင် ပြည်သူ့စစ် များကို ဖွဲ့စည်းထားကာ စစ်တပ်ကိုလည်း ရွာတိုင်းတွင် စခန်း ချထားသည်
|
ထို့နောက် ကွန်ယက်သဖွယ် ကင်းစင်များ တည်ဆောက်ထားကာ မပြတ် ကင်းလှည့်နေစေသည်
|
တပ်မတော်၏ အထက်ပါ အစီအစဉ်များသည် ဗမာပြည် ကွန်မြူနစ် ပါတီိအပေါ် အတော်အတန် ထိရောက်မှု ရှိခဲ့သည်
|
အထောက်အပံ့နှင့် တပ်သားသစ်များ ပြတ်တောက်လျက် ရှိသော လက်နက်ကိုင် အတိုက်အခံများကို တိုက်ခိုက်ရန် တပ်မတော်မှ အထူး တိုက်ခိုက်ရေး တပ်စုသစ် အနေနှင့် နယ်မြေခံ တပ်ရင်းမဟုတ်သော စစ်ဌာနချုပ်မှ တိုက်ရိုက် ခန့်ခွဲသည့် ခြေမြန်တပ်မ (သို့) အပေါ့စား ခြေလျင်တပ် များကို အသုံးပြုခဲ့သည်
|
ပထမဆုံး အသုံးပြု တိုက်ခိုက်မှု အနေနှင့် ၁၉၆၆ ခုနှစ်တွင် ခြေမြန်တပ်မ ၇၇၊ ထို့နောက် ၁၉၆၇-၆၈ တွင် ၈၈နှင့် ၉၉ ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်
|
၁၉၆၈၏ နှစ်သစ်ကူးနေ့တွင် ဖြတ်လေးဖြတ်၏ ပထမအဆင့် တိုက်ခိုက်မှုများကို ခြေမြန်တပ်မ ၈၈ ကို ဖြန့်ကျက်ခြင်းဖြင့် စတင်သည်
|
ထို ၈ နှစ်အတွင်းတွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမမှ တပ်များမှာ များပြားစွာ ကျဆုံးခဲ့ကာ တောင်များတွင် လူ နေထိုင်မှု မရှိတော့သလောက် ဖြစ်သွားခဲ့သည်
|
တပ်မတော် ဖြတ်လေးဖြတ်၏ နောက်ဆုံး စစ်ဆင်ရေး ဖြစ်သော အောင်စိုးမိုး စစ်ဆင်ရေး တွင် ဗမာပြည် ကွန်မြူနစ် ပါတီကို မြန်မာပြည် အလယ်ပိုင်းမှ လုံးဝ မောင်းထုတ် နိုင်ခဲ့လေတော့သည်
|
၁၉၇၅ ခုနှစ်၏ မတ်လ ၁၅ ရက်နေ့တွင် သခင်ဇင်နှင့် သခင်ချစ် တို့မှာ ခြေမြန်တပ်မ ၇၇ ၏ ဝိုင်းရံ ပိတ်ဆို့ခြင်း ခံနေရစဉ် ဗမာပြည် ကွန်မြူနစ် ပါတီ၏ တာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည်
|
ကျဆုံးချိန်တွင် နှစ်ဦးစလုံးမှာ အသက် ၆၀ ခန့်ရှိကြပြီ ဖြစ်သည်
|
ခေါင်းဆောင် အသစ်အနေနှင့် ၁၉၇၅ မေလတွင် ဥက္ကဋ္ဌအဖြစ် ၁၉၄၆ ခုနှစ်ကတည်းက ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့်၊ ဒုဥက္ကဋ္ဌ ဖြစ်နေခဲ့သော တရုတ် နိုင်ငံ အခြေပြု ခေါင်းဆောင် သခင်ဗသိန်းတင် ကို ခန့်အပ်သည်
|
သခင်ဖေတင့်နှင့် မော်စကိုမှ သင်တန်းပေးထားသော ခင်မောင်ကြီးတို့ကို ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်သည်
|
သခင်ဗသိန်းတင်ကလည်း ပြန်လည်ပြင်ဆင်ရေး ဝါဒကို ဆန့်ကျင်သည့် လမ်းစဉ်ကိုပင် ကြေညာသည်
|
ဗမာပြည် ကွန်မြူနစ် ပါတီသည် ပစ္စည်းမဲ့ တိုက်ပွဲ ဖြင့် နယ်ချဲ့ တစ်ပိုင်း ဖြစ်နေသော တိုင်းပြည်ကို ဆက်လက် တိုက်ခိုက်ရဦးမည်
|
သို့သော် အလုပ်သမားနှင့် အခြေခံလူတန်းစား မဟာမိတ်များနှင့် မြို့နေဓနရှင်၊ အမျိုးသား အရင်းရှင် များ၊ တိုးတက်သော ဒီမိုကရက်များနှင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော မဟာမိတ်များနှင့် လက်တွဲ တိုက်သွားမည်ဟု ကြေညာသည်
|
၁၉၇၆ ၏ ဇူလိုင်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ အတွက် ထူးထူးခြားခြား တစ်ပန်းသာမည့် ဝါဒဖြန့်ချိရေး စစ်ဆင်မှု တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်
|
အရှေ့မြောက်ပိုင်း ဒေသအပြင် ဗမာပြည် ကွန်မြူနစ် ပါတီသည် အနောက် မြောက်ပိုင်း ရခိုင်ပြည်နယ် နှင့် တောင်ပိုင်း တနင်္သာရီ တိုင်းတို့တွင် ထိမ်းချုပ်ထားနိုင်မှု ရှိနေသေးသည်
|
သခင်ဗသိန်းတင်သည် အဆိုပါ ကျန်ရှိနေသော တပ်များရှိသည့် အနောက်ပိုင်းကို ဦးတည်တိုက်ကာ ရှမ်းကုန်းပြင်မြင့် အနောက်ဘက်စွန်းမှ ပြောက်ကျား စခန်းများနှင့် ဆက်စပ်မိ အောင် လုပ်ရန် "၇၅၁၀ အစီအစဉ်"ကို ၁၉၇၅ တွင် ရေးဆွဲသည်
|
ပထမဆုံး တိုက်ခိုက်မှုသည် သံလွင်မြစ်မှ တန်ယန်းဒေသ အထိကို ဇွန်လတွင် ခြေမြန်တပ်မ ၉၉ မှ ဗိုလ်မှူး တစ်ဦးနှင့် တပ်အင်အား အတော်များများ ကျဆုံးခဲ့သည် အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အောင်မြင်ခဲ့သည်
|
၁၉၇၅ နှောင်းပိုင်းတွင် ကွန်မြူနစ် ၈၁၅ တပ်မက တပ်မတော် ၈၈ ခြေမြန်တပ်မကို မိုင်းယောင်းနယ်တွင် လာအို နယ်စပ် တစ်လျှောက်ရှိ တောင်တန်းများကို ထိန်းချုပ်နိုင်ရန် အတွက် အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်
|
နောက်နှစ်တွင် ရှမ်း တပ်သားများနှင့် တပ်မ ၇၆၈ကို ဖွဲ့စည်း၍ အရှေ့ ရှမ်းပြည်နယ် တပ်မတော်မှ စစ်နယ်မြေ တစ်ခုတွင် စခန်းချသည်
|
အခြား တပ်မတစ်ခုမှာ ရွှေလီမြစ်ကို ဖြတ်၍ ရွှေဘို မြို့ကို ချီတက်ရန် ကြိုးစားသည်
|
တပ်မ ၆၈၃မှာမူ တပ်မဟောင်း ၁၀၈ ရှိခဲ့ရာ မန္တလေး၏ မြောက်ဘက်ဒေသကို ဆက်လက် ထိုးဖောက်နေသည်
|
ထိုအချိန်တွင် ဗမာ့ ရိုင်ဖယ် တပ်ရင်းအရာရှိဟောင်း ဗိုလ်သက်ထွန်းက ချင်းအမျိုးသား များနှင့် ဗမာ အမျိုးသားများ ပါဝင်သော ဗမာပြည် ကွန်မြူနစ် ပါတီ၏ အနောက်မြောက်တိုင်း စစ်ဌာနကို ကွပ်ကဲသည်
|
၁၉၈၀ ၏ ဇူလိုင်လတွင် ခြေမြန်တပ်မ ၆၆မှ တောင်တန်းများကို ဝင်ရောက်ရှင်းလင်း ပြီးသည့် နောက်ပိုင်းတွင် ဗိုလ်သက်ထွန်းနှင့် သူ၏ တပ် အကျွင်းအကျန်ကို ဖမ်းဆီရရှိကာ ဖိအားပေး အလင်းဝင်စေခြင်းဖြင့် အနောက်မြောက်တိုင်း စစ်ဌာန အဆုံးသတ်သည်
|
တပ်မတော်၏ ပင်မ စစ်ဆင်ရေးကြီးသည် ၁၉၇၉ ခုနှစ်၏ နိုဝင်ဘာလတွင် သံလွင် အရှေ့ပိုင်းမှ ပန်ဆန်းမြို့ကို အပေါ်စီးမှ မြင်နေရသော ၃၀ ကီလိုမီတာ အဝေးမှ တောင်ကုန်းများကို သိမ်းပိုက်ခြင်းဖြင့် စတင်သည်
|
၁၉၈၀ တွင် ဗမာပြည် ကွန်မြူနစ် ပါတီမှာ အဓိက စစ်ဆင်ရေး နှစ်ခုနှင့် တွေ့ကြုံရကာ တောင်ပိုင်း ၂၅၀ မိုင်ခန့် အကွာမှ မူဆယ်နှင့် မုံယောင်း တို့ကို လက်လွှတ်ရသည်
|
နှစ်ဖက်စလုံးမှ အကျအဆုံး များကြသော်လည်း တိကျသော အဖြေ မပေါ်ပဲ ဆက်လက် တောင့်ခံထား ကြသည်
|
ထို့နောက် ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ်ပြည် ကွန်မြူနစ် ပါတီမှ ၁၀ နှစ်တာ ကူညီထောက်ပံ့သည့် ကွန်မြူနစ် ပါတီခြင်း ကူညီရေး သဘောတူညီမှု ကလည်း ကုန်ဆုံးချိန်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သံလွင်၏ အနောက်ပိုင်းရှိ စခန်းများမှာ ထောက်ပံ့ရန် အလွန် အလှမ်း ကွာဝေးလွန်းသည်သာ မက ခုခံကာကွယ်ရန်လည်း ခက်ခဲလာသည်
|
ထို့ကြောင့် ဗမာပြည် ကွန်မြူနစ် ပါတီမှာ စိတ်ဓာတ်သာ ရှိတော့သော်လည်း စစ်ရေးတွင်မူ ဗမာ့တပ်မတော်ကို ဆက်လက် ထိုးစစ်ဆင်ရန် ခက်ခဲလာ ပေတော့သည်
|
ကိုးကန့်နှင့် ဝနယ်များကိုသာ အဓိက အုပ်ချုပ်နေရ သောအခါ ဗမာပြည် ကွန်မြူနစ် ပါတီ သည် အစိုးရ အဆက်ဆက်က တွေ့ကြုံလာခဲ့သော ဘိန်းဖြူ ကူးသန်းရောင်းဝယ်မှု ပြဿနာနှင့် တိုက်ရိုက် တွေ့ကြုံလာရသည်
|
လော်ဆစ်ဟန်နှင့် ခွန်ဆာတို့၏ မြန်မာ့ တပ်မတော်မှ ထောက်ပံ့အားပေး တည်ထောင်သော တပ်များလည်း ဘိန်းကုန်ကူးရာတွင် ပါဝင်ကြသည်
|
၁၉၇၀ အစပိုင်းတွင် ဗမပြည် ကွန်မြူနစ် ပါတီမှ ဘိန်းပင်များကို ဖျက်ဆီးသည့် စီမံကိန်းများ ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဘိန်းပင်များ၏ အမြတ်မှ ၂၀% အခွန်ကောက်၍ စည်းကမ်း တင်းကြပ်မှုကို လျှော့ချကာ တရုတ်ပြည်၏ အထောက်အပံ့မရရှိ တော့သောကြောင့် လျော့နည်းလာသော ပါတီ စရိတ်ကို ကျားကန်နိုင်ရန် ကြိုးပမ်းခဲ့ကြရသည်
|
နယ်မြေခံ ဘိန်းဘုရင်များကို ထိမ်းချုပ်ထားကာ ပါတီကို အားပြု ထောက်ပံ့နေရခြင်းသည် မော် ဝါဒကို လက်ကိုင်ထားသော ပါတီ တစ်ခု အနေနှင့် နိုင်ငံရေးအရ အရှက်ရစေခြင်းများ ဖြစ်ပေါ်စေခဲ့သည်
|
၁၉၈၅ ဗမာပြည် ကွန်မြူနစ် ပါတီ၏ တတိယ ကွန်ဂရက်တွင်မူ ဘိန်းနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ပတ်သက်သော ဥပဒေကို မိတ်ဆက်သည်
|
ပါတီဝင်များ အနေနှင့် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုတွင် ပါဝင်ခွင့် မရှိ၊ လက်ကား ရောင်းဝယ် ဖောက်ကားသော မူးယစ်ဆေး ရောင်းဝယ်သူ ကုန်သည်များကို သေဒဏ်ပေးမည်ဟူသည့် ဥပဒေဖြစ်သည်
|
ထိုဥပဒေသည် ၁၉၈၉ တွင် ပါတီကို လုံးဝ မရပ်တည်နိုင် တော့သည်အထိ ဖြစ်ခဲ့သော တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့ရသည့် အကြောင်း တစ်ချက်ပင် ဖြစ်ခဲ့သည်
|
၁၉၇၈၏ နိုဝင်ဘာလတွင် ပန်ဆန်း၌ ကျင်းပသော ပေါလစ်ဗျူရို အစည်းအဝေးတွင် သခင်ဗသိန်းတင်က နိုင်ငံရေး အစီခံချက် ကို တင်ပြသည်
|
ထို အစီရင်ခံချက်ကို ဗဟို ကော်မတီက ၁၉၇၉ တွင် အတည်ပြုသည်
|
ထို အစီရင်ခံချက်သည် ပါတီ၏ ၁၉၈၅ ပါတီ၏ တတိယ ကွန်ဂရက်တွင် ထုတ်ပြန်သည့် ပါတီ၏ ရည်မှန်းချက်များ၏ အခြေခံပင် ဖြစ်သည်
|
တတိယ ကွန်ဂရက်သည် ရန်ကုန်တွင် ကျင်းပခဲ့သော ပါတီဝင် ၅၀၀၀ ခန့်သာ ရှိနေစဉ်တွင် ၁၇၀ သာ တက်ရောက်ခဲ့သော ဒုတိယ ကွန်ဂရက်နှင့် နှစ် ၄၀ ခြားသည်
|
ထို အစီရင်ခံချက်မှ အချက်များမှာ...ပါတီတွင် ပေါ်ပေါက်ခဲ့သော ၁၉၅၅ ပြန်လည်ပြင်ဆင်ရေး လမ်းစဉ်နှင့် ၁၉၆၄ ပါတီတွင်း တော်လှန်မှု လမ်းစဉ်တို့ကို ပါတီ၏ လမ်းစဉ် အမှားများ အဖြစ် တင်ပြသည်
|
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အုပ်စိုးသော မြန်မာနိုင်ငံသည် နယ်ချဲ့၊ မြေရှင် ပဒေသရာဇ် နှင့် ဗျူရိုကရက်တစ် အရင်းရှင် နိုင်ငံ အဖြစ် သတ်မှတ်လိုက်သည်
|
လက်နက်ကိုင် တော်လှန်ရေး၏ အဓိက အတွေးအခေါ်ကို မတ်စ်-လီနင်-မော် ဝါဒဟု ထားရှိရင်း တရုတ်ပြည်၏ အောင်မြင်မှုကို နမူနာယူမည်
|
ဆိုဗီယက်တို့၏ ဆိုရှယ်လစ် နယ်ချဲ့ဝါဒနှင့် ဗီယက်နမ်နိုင်ငံ တို့၏ ဝါဒများမှာ အမေရိကန် နယ်ချဲ့ ဝါဒကို ခုခံနိုင်ခဲ့သည်
|
ဗမာပြည် ကွန်မြူနစ် ပါတီသည် ကမ္ဘောဒီးယား နိုင်ငံတွင် ခမာရု အစိုးရ တက်လာသည့်အခါတွင် ထောက်ခံခဲ့၍ ဗီယက်နမ် အစိုးရကိုပါ စာရေး၍ ဆွေးနွေးရန် တောင်းဆိုခဲ့သည်
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.