text
stringlengths 6
9.41k
|
---|
ဗုံးသံ သေနတ်သံကြားဝယ် ရဲဆေးတင်ရင်း အရက်ကို ကြိုက်နှစ်သက်သွားသည် |
ထိုအတွင်း ဦးချစ်စရာကို မွေးသည် |
အရှင်ဣသိမုဂ္ဂဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည် |
နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဣသိမုဂ္ဂဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏ |
အီတလီ-စပိန်နွယ်ဖွား ရေကြောင်းခရီးသွားလာသူ ခရစ္စတိုဖာ ကိုလံဘတ်စ် နှင့် စပိန်နိုင်ငံတို့သည် အာရှတိုက်ဒေသသို့ ရေကြောင်းခရီးဖြင့်သွားရောက်၍ ဟင်းခတ်အမွှေးကြိုင်များရှာဖွေရန် ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့ကြသည် |
ငမိုးရိပ်ဘူတာ သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဘူတာတစ်ခု ဖြစ်သည် |
ဂခါးဒေရွာ (အင်္ဂလိပ်: Gahkarday)သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဟိုတောင်းကျေးရွာအုပ်စု၌ တည်ရှိသည် |
ဓမ္မပါလရွာ (အင်္ဂလိပ်: Dhammaparla)သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ တောင်ဘိုကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ဘိုကျေးရွာအုပ်စုတွင် ကျား ၂၂၀၃ ဦး၊ မ ၂၄၈၇ ဦး၊ လူဦးရေ စုစုပေါင်း ၄၆၉၀ ဦးနေထိုင်သည် |
တခိုမြို့ (多古町 တခိုမချိ ) သည် ဂျပန်နိုင်ငံ၊ ချိဘခရိုင်တွင် တည်ရှိသည် |
၂၀၁၂ ခုနှစ်၊ ဧပြီလတွင် မြို့နေလူဦးရေသည် ၁၅၅၉၀ ဦး ရှိသည် |
လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၂၁၅ ဦး ရှိသည် |
စုစုပေါင်း ဧရိယာသည် ၇၂.၆၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည် |
ဝက်သုံးအိုင်ရွာ (အင်္ဂလိပ်: Wetthoneaing)သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မကြီးစုကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ မကြီးစုကျေးရွာအုပ်စုတွင် ကျား ၁၀၉၉ ဦး၊ မ ၁၃၅၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၄၅၆ ဦးနေထိုင်သည် |
ကကိုင်းဘောရွာ(အင်္ဂလိပ်: Kakaingbaw)သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ကတိုင်တိကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၄၆၀ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၂၈၂၀ ဦး နေထိုင်သည် |
ဒေါ်ဩဘာသောင်း (၁၁ ဧပြီ ၁၈၉၈–၁၃ ဇန်နဝါရီ ၁၉၇၁) သည် အငြိမ့်မင်းသမီးနှင့် အဆိုတော်တစ်ဦးဖြစ်ပြီး ကဗျာလွတ်အကကို တီထွင်ခဲ့သူ ဖြစ်သည် |
ဒေါ်ဩဘာသောင်းကို ၁၈၉၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ အဘ အင်ဂျင်နီယာ ဦးစံဒွန်း၊ အမိဒေါ်သာလိတို့မှ မွေးဖွားခဲ့သည် |
အမည်ရင်းမှာ မသောင်းတင် ဖြစ်သည် |
ဩဘာသောင်း ငယ်စဉ်ကပင် အဆိုအကဝါသနာထုံခဲ့သည် |
သဘင်မျိုးရိုးမဟုတ်သော်လည်း အတီးအမှုတ် ဝါသနာပါသော ဖခင်ဖြစ်သူက အားပေးသဖြင့် အငြိမ့်သဘင်လောကသို့ ရောက်၍လာခဲ့ခြင်း ဖြစ်သည် |
ကလေးဘဝကပင် ရန်ကုန်၊ ကြက်တန်း၊ ဘုရားဖြူဆရာတော်ပျံတော်မူရာ ရေကျော်ဆီဆုံတန်း၊ ယိမ်းတွင် ပါဝင် ကပြရာမှ အကကောင်းသူအဖြစ် ချီးမွမ်းခြင်းခံရသည် |
ဩဘာသောင်း ၁၃ နှစ် သမီးအရွယ်တွင် မိခင်ကွယ်လွန်သွားသဖြင့် ဖခင်ဖြစ်သူနှင့်အတူ မန္တလေး သို့ ပြောင်းရွေ့လာကြသည် |
အကအခုန် ဝါသနာကြီးသည့် သမီးဖြစ်သူကိုလည်းအဆိုအကတွင် ထွန်းထွန်း ပေါက်ပေါက်ဖြစ်စေရန် ထိုခေတ်က ပန်တျာကျောင်းကဲ့သို့ သင်ကြားပေးနေသော ပေါက်ပေါက်တန်း ဇာတ်စာရေးဆရာ ဦးထွန်းရထံ အဆိုအကပညာများ သင်ကြားခဲ့ရသည် |
ငါးလခန့်အကြာတွင် အငြိမ့်တစ်ငြိမ့်မှသဘောကျသဖြင့် ခေါ်ယူခဲ့ရာ ၁၄ နှစ် သမီးအရွယ်မှာပင် အငြိမ့်မင်းသမီးဖြစ်လာခဲ့သည် |
ဆရာဖြစ်သူ ရွေး ချယ်ပေးသည့်အမည်မှာ ဩဘာသောင်းတင်ဖြစ်သော်လည်း နောက်တွင် ဩဘာသောင်း အမည်ဖြင့်သာ ထင်ရှားကျော်ကြားခဲ့လေသည် |
ဩဘာသောင်း အငြိမ့်လောကသို့ မဝင်ရောက်မီက အငြိမ့်မင်းသမီးကြီးများမှ သီချင်းကြီး၊ သီချင်းခန့်၊ မြိုင်ထ၊ ဘောလယ်များ သီဆိုရ၍ ငြိမ့်ညောင်းသာယာသော တေးသံဖြင့် ညက်ညက်ညောညော ကကြသော်လည်း ဩဘာသောင်း အငြိမ့်စင်ပေါ်သို့ ရောက်ရှိလာသောအခါ တေးထပ် မြိုင်ထတို့ကို ပစ်ပယ်ပြီး ယောက်ျားများ စိတ်လှုပ်ရှားစေသည့် စန်ကွေထူး၊ ဘာဂီတင်၊ ကာတစ်စသည့် သီချင်းများ သီဆိုကပြခဲ့ရာ အဆိုအတီး မြူးမြူးကြွကြွ၊ အက ကလည်း သွက်သွက်လက်လက်ဖြင့် အငြိမ့်ခေတ်တစ်ခေတ်ပြောင်းခဲ့သည် |
ဩဘာသောင်းအငြိမ့် ကလေရာတွင် ကျောင်းသားများ၊ ကာလသားများ ဝိုင်းဝိုင်းလည်ခဲ့သည်အထိ စန်းထခဲ့သည် |
သို့ကြောင့်ပင် ဇာတ်မင်းသား ဖိုးစိန်ကြီးက မင်းသမီးကို အရူးအမူးဖြစ်နေကြသည့် လူငယ် များကို သတိပေးသောအနေဖြင့်ဇာတ်သမကို မခင်တွယ်ကြနဲ့ သဘင်သည် ဝေးရာကကြည့်ဆိုသည့် သီချင်း သီဆို၍ ဥက္ကာသေနမယ် ရူပဇာတ်ကို ကပြခဲ့ရသည်ဟု အဆိုရှိခဲ့သည် |
အဆစ်ကျဲကျဲ ကရာမှာ လေဘာတီမြရင် အကောင်းဆုံး၊ ဆစ်စိပ်စိပ် ကရာမှာ ဩဘာသောင်း အကောင်းဆုံးဟု အငြိမ့်သဘင်လောကတွင် ပြောစမှတ်ပြုခဲ့ရသည် |
မင်းသမီးမထွေးလေး၊ မင်္ဂလာ သိန်းညွန့်၊ မစံထား၊ မစံရှား၊ ဇာတ်မင်းသား ဦးစိန်အုပ် စသည် ထင်ရှားသောမင်းသား မင်းသမီးများ ရွာစားကြီး စိန်ဗေဒါ၊ အဆိုတော်ဆရာမှန် စသည့် ဂီတပညာရှင်များထံမှ အဆိုအကပညာများ သင်ယူခဲ့သည် |
ဩဘာသောင်း ကိုယ်တိုင် စန္ဒယား၊ ပတ္တလား၊ ဟွန်းတယောဂီတတူရိယာများ တီးနိုင်သူဖြစ်သည် |
ဖခင်ကြီးက ရုပ်သေးမင်းသမီးကြိုးဆွဲဆရာ ဆရာမှန်ကို အိမ်သို့ပင့်ဖိတ်ခေါ်ယူ သင်ကြားပေးသည် |
ဆရာမှန်၏ မင်းသမီးရုပ်ကို အတုယူကပြရာမှ ခြေလက်ခေါင်းခါး မင်းသမီးဂွင်အနေအထားတွင် လှပညက်ညောသူအဖြစ် နာမည်ကျော်ကြားခဲ့သည် |
အသက် ၃၈ နှစ်တွင် ခင်ပွန်းသည်၏ ဆန္ဒအရ အငြိမ့်လောကမှ အနားယူခဲ့ရသည် |
၁၉၅၃ ခုနှစ် မန္တလေးပန်တျာကျောင်း စတင်ဖွင့်လှစ်သည့်အခါ အကနည်းပြဆရာအဖြစ် တာဝန်ယူသင်ကြားခဲ့ရသည် |
ဒေါ်ဩဘာသောင်းသည် ကဗျာလွတ်အကကိုလည်း မင်းသား ရွှေဒေါင်းညို၊ စိန်လှမောင် တို့နှင့် ညှိနှိုင်းတိုင်ပင် တီထွင့်ခဲ့ရာ မြန်မာအကသမိုင်းတွင် မှတ်တမ်းတင်ခြင်း ခံရသည်အထိ အောင်မြင်ကျော်ကြားခဲ့သည် |
ကဗျာလွတ်မိခင်ကြီး ဝဏ္ဏကျော်ထင် ဒေါ်ဩဘာသောင်းသည် ၁၉၇၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်သည် |
စက္ကဝါက် (အင်္ဂလိပ်: Shelduck) သည် ဟင်္သာမျိုးနွယ်ဝင် (ဘဲ)ငှက်များအားလုံးကို ခြုံငုံ၍ သုံးနှုန်းသော အမည်နာမဖြစ်သည် |
ပါဏဗေဒအလိုအရ အန်နာတီဒီး (Anatidae) မျိုးရင်း၊ တဒ္ဒေါနီနီး (Tadorninae) မျိုးရင်းခွဲမှ ဇီဝဗေဒဆိုင်ရာ မျိုးရင်းတူ (ဘဲ)ငှက်များအစုအဖွဲ့ဖြစ်သည် |
မျိုးစုဝင် ငှက်အများစုသည် ကြီးမားသော ဘဲနှင့် ဘဲငန်း ကဲ့သို့ ပုံသဏ္ဌာန်ရှိကာ ဟင်္သာ၊ တောဘဲနှင့် အလားတူငှက်များ မျိုးစဉ်- "အန်စာရီဖောမီး (Anseriformes)" အတွင်း ပါဝင်ကြသည် |
စက္ကဝါက် ဟူသည့် ဝေါဟာရသည် ပါဠိစကား "စက္ကဝါက"မှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ တောင်ပေါက်ဓာန်တွင် "၎င်းစက္ကဝါက်ငှက် ဟူသည် မြစ်နား၊ ကမ်းနား၌ အဖိုအမနှစ်ကောင်တွဲ၍ နေတတ်သော....ငှက်မျိုးပင်တည်း" ဟူ၍လည်းကောင်း၊ ယင်း တောင်ပေါက်ဓာန် အနက်ဖွင့်ဆိုမှုအပေါ် မှီငြမ်း၍လည်း မြန်မာဝစ်ရှင်နရီ၌ "အဖိုအမနှစ်ကောင်တွဲ၍နေတတ်သော ရေဘဲတစ်မျိုး" ဟူ၍လည်းကောင်း၊ ကြောင်းတူသံကွဲဖော်ပြချက်တွင် "ဟင်္သာ" ဟူ၍လည်းကောင်း အနက်ဖွင့်ဆိုထားသည် |
ထို့အပြင် ပါဏဗေဒအလိုအရ ၎င်းမျိုးတူငှက်အားလုံးသည်"Tardona" ဟူသော မျိုးစုထဲတွင်ပါဝင်ကြသောကြောင့် စက္ကဝါက် သည် ယင်းငှက်များအားလုံးကို ခေါ်ဆိုနိုင်သော အမည်ဖြစ်သည် |
အောက်ပါဇယားသည် HBW နှင့် BirdLife International Illustrated Illustrated Checklist of the Birds of the World မှ ရယူထားခြင်းဖြစ်သည် |
သတ္တဝါတို့ကို သတ်ဖြတ်၍ ပေးလှူသောဆွမ်းကို စားသောရဟန်းသည် မကောင်းမှုဖြင့် လိမ်းကျံ၏ဟု စွပ်စွဲသော သူကြွယ်မိုက်အား တရားပြ၍ ဆိုဆုံးမသော ရသေ့အကြောင်း |
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည်ဝယ် စုလစ်မွန်ချွန်တပ်သော ဇရပ်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီဟမည်သော စစ်သူကြီးသည် မြတ်စွာဘုရားထံ ဆည်းကပ်၍ ဥပါသကာအဖြစ် ဖိတ်ကြားပြီးလျှင် နတ်ဖြန်နေ့ဝယ် အိမ်သို့ပင့်ဖိတ်ကာ ဘုရားအမှူးရှိသော သံဃာအား သားပြွမ်းဆွမ်းကို လှူဒါန်းလေ၏ |
နိဂဏ္ဌသည် ဆွမ်းလှူကြောင်းသိလျှင် အမျက်ထွက်ကာ နှလုံးမသာသဖြင့် မြတ်စွာဘုရားကို ညှဉ်းဆဲလိုသည်ဖြစ်၍ ရဟန်းဂေါတမကားသိလျက် ရည်းမှန်း၍သတ်သော အသားကိုစားသည်ဟု ကဲ့ရဲ့၏ |
ထို နိဂဏ္ဌ ကဲ့ရဲ့ရှုတ်ချသောစကား သံဃာ့ဘောင်၌ ထင်ရှားလေ၏ |
မြတ်စွာဘုရား ကြားတော်မူလျှင် “ရဟန်းတို့ ... နိဂဏ္ဌသည် ယခုအခါ၌သာ ရည်းမှန်း၍သတ်သော အသားကို စားသည်ဟု ကဲ့ရဲ့သည်မဟုတ်၊ ရှေးအခါ၌လည်း ကဲ့ရဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း |
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ရသေ့ရဟန်းပြုကာ ဟိမဝန္တာ၌နေ၍ တစ်နေ့သ၌ ချဉ်ဆားမှီဝဲရန် ဗာရာဏသီပြည်သို့သွား၍ နက်ဖြန်နေ့၌ မြို့တွင်းသို့ ဆွမ်းခံဝင်လေ၏ |
ထိုအခါ သူကြွယ်တစ်ယောက်သည် ရသေ့ကို ညှဉ်းဆဲမည်ဟု အိမ်တွင်းသို့ပင့်လျက် အမဲသားဟင်းဖြင့် ဆွမ်းလုပ်ကျွေး၏ |
ဆွမ်းဘုဉ်ပေးပြီးလျှင် “အရှင်ရသေ့ ... သင့်ကိုရည်မှန်း၍ သတ်အပ်သော အမဲသားမှန်းသိလျက် သင်စားဘိသည်၊ ဤအကုသိုလ်သည် ငါတို့အားသာ မဖြစ်စေလင့်၊ သင့်အားလည်း ဖြစ်စေသတည်း” ဟု ပြောဆိုပြီးလျှင် -“အရှင်ရသေ့ ... သီလမရှိသောသူသည် သတ္တဝါတို့ကို ညှဉ်းဆဲပုတ်ခတ် သတ်ဖြတ်၍ အလှူကိုပေးလှူဘိ၏ |
ဤသို့သောသဘောရှိသောဆွမ်းကို စားသော ရဟန်းသည်လည်း မကောင်းမှုဖြင့် လိမ်းကျံ၏” – ဟု - စွပ်စွဲပြောဆိုပြန်၏ |
ရသေ့သည် သူကြွယ်၏ စကားကိုကြားလျှင် သူကြွယ်အား -“ဒါယကာ ... သီလမရှိသူသည် သားမယားကိုသတ်၍ အလှူကိုပေးလှူစေကာမူ ပညာရှိသည် ထိုဆွမ်းကိုစားသော်လည်း မကောင်းမှုဖြင့် မလိမ်းကျံနိုင်” ဟု တရားဟောပြီးလျှင် နေရာမှထ၍ ဖဲသွားလေ၏ |
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -ထိုအခါ သူကြွယ်သည် - ယခုအခါ နိဂဏ္ဌ |
ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -ဟု ဇာတ်ကို ပေါင်းတော်မူသတည်း |
(၁) သတ်၍လှူမှု၊ လှူခံစု၊ အကုလိမ်းကျံလား |
(၂) သားကိုသတ်လှူ၊ အကုမြူ၊ ခံသူမလိမ်းသား |
ဗာလောဝါဒဇာတ် ပြီး၏ |
ဟင်းလွန့်ရွာ (အင်္ဂလိပ်: Hinlunt)သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ဟန်နားကျေးရွာအုပ်စုတွင် ကျား ၁၃၀၇ ဦး၊ မ ၁၄၁၈ ဦး၊ လူဦးရေ စုစုပေါင်း ၂၇၂၅ ဦးနေထိုင်သည် |
ငတရော်ရွာ (အင်္ဂလိပ်: Ngatayaw)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ငတရော်ကျေးရွာအုပ်စု၌ တည်ရှိသည် |
အရှင်ဥစ္ဆုခဏ္ဍိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည် |
နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဥစ္ဆုခဏ္ဍိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏ |
ဌာန ဆိုသည်မှာ အချို့သောနိုင်ငံများတွင် အုပ်ချုပ်ရေးဒေသများကို သုံးနှုန်းသော အခေါ်ဝေါ်ဖြစ်သည် |
ပြင်သစ်နိုင်ငံတွင် ပထမဆုံး သုံးစွဲခဲ့ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံ၌ သုံးစွဲလျက်ရှိသည် |
အမေရိကန်၌ အလာဆကာ ပြည်နယ်အား အလာဆကာ ဌာနဟု သုံးစွဲခဲ့ဖူးသည် |
ဗမာပြည် ကွန်မြူနစ်ပါတီသည် မြန်မာပြည် နိုင်ငံရေး နယ်ပယ်တွင် သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေး ပါတီ ဖြစ်သည် |
အစိုးရမှ အသိအမှတ် မပြုသော မြေအောက် ပါတီဖြစ်၍ ယခုအခါ မြန်မာ-တရုတ် နယ်စပ်ကို အခြေပြု၍ ပါတီ၏ မပြီးဆုံးသေးသည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေသည် |
အစိုးရ၊ လူထုနှင့် မြန်မာသတင်း မီဒီယာ များက ဗမာပြည် ကွန်မြူနစ်ပါတီကို ရည်ညွှန်း၍ (ဗကပ) ဟု အတိုကောက် ခေါ်ဆိုကြသည် |
ဗမာပြည် ကွန်မြူနစ် ပါတီသည် မာ့ခ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်ကို ၎င်းပါတီ၏ သဘောတရား အခြေခံနှင့် လမ်းညွှန်အဖြစ် ခံယူကျင့်သုံးသည် |
လက်ရှိတွင် ပစ္စည်းမဲ့ နိုင်ငံတကာ ဝါဒကို လက်ခံ၍ ပါတီ၏ တော်လှန်သော ပြည်ချစ်ဝါဒ ကို ကျင့်သုံးလျက် ရှိသည် |
သမိုင်းအတွေ့အကြုံ အရ လက်နက်ကိုင် တိုက်ပွဲကို ရွေးချယ်စရာ လမ်းတစ်ခု အဖြစ် အမြဲတမ်း ထားရှိသော နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည် |
၁၉၃၉ ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် ရန်ကုန်မြို့ ဘားလမ်း(ခ) မဟာဗန္ဓုလပန်းခြံလမ်းရှိ အခန်းငယ် တစ်ခန်းတွင် အောက်ပါ ၇ ဦး တွေ့ဆုံကာ ဗမာပြည် ကွန်မြူနစ် ပါတီကို မြေအောက် ပါတီအဖြစ် စတင် တည်ထောင်ခဲ့ကြသည် |
သခင်အောင်ဆန်းသခင်ဗဟိန်းရဲဘော်ဘတင် ခေါ် ဂိုရှယ်သခင်စိုးသခင်လှဖေ နောင်အခါ ဗိုလ်လက်ျာရဲဘော်ထွန်းမောင် ခေါ် ဒေါက်တာနတ်သခင်ဗိုလ်ထို စတင် တည်ထောင်စဉ်ကာလ ၁၉၃၉ ခုနှစ်မှ ယခုအချိန်အထိ အစဉ်အဆက် ခေါင်းဆောင်များမှာ...အတွင်းရေးမှူး သခင်အောင်ဆန်းအတွင်းရေးမှူး သခင်စိုးအတွင်းရေးမှူး သခင်သိန်းဖေဥက္ကဋ္ဌ သခင်သန်းထွန်းဥက္ကဋ္ဌ သခင်ဇင်ဥက္ကဋ္ဌ သခင်ဗသိန်းတင်အတွင်းရေးမှူး ရဲဘော်ကြင်မောင်လက်ရှိ အထွေထွေအတွင်းရေးမှူး ရဲဘော်ထွန်းဆက်ဗမာပြည် ကွန်မြူနစ် ပါတီ သည် လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့သော ပါတီကြီး တစ်ခု ဖြစ်သည် |
(၁၉၄၂-၄၅) အထိ ဖက်ဆစ် ကမ္ဘာ့ ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးအတွက် ကြိုတင် ပြင်ဆင် စည်းရုံးခဲ့သည် |
သခင်စိုးနှင့် သခင်သန်းထွန်းတို့ အင်းစိန်ထောင်တွင် ထိမ်းသိမ်းခြင်း ခံထားရစဉ် ၁၉၄၁ ခုနှစ် ဇူလိုင်လ၌ အင်းစိန် ကြေညာစာတမ်းတွင် ဖက်ဆစ်ဝါဒသည်သာ လာလတ္တံသော ကမ္ဘာစစ်ကြီး၏ အဓိက ရန်သူ ဖြစ်ကာ ထိုရန်သူအား နှိမ်နင်း နိုင်ရန် အင်္ဂလိပ်တို့မှ တည်ထောင်သည့် ဆိုဗီယက် ရုရှား ပါ ပါဝင်သင့်သော မဟာမိတ်အဖွဲ့ကြီး ဖွဲ့စည်း သင့်သည်ဟု အဆိုပြုခဲ့ကြသည် |
ထို ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးကြီး ပြီးဆုံးမှသာ မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲကို ပြန်လည် စတင်မည်ဟု ဆိုခဲ့သည် |
သို့သော်လည်း ထိုစဉ်က ဗမာပြည် ကွန်မြူနစ်ပါတီ၏ အဆိုပါ အယူအဆသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် တို့ဗမာ အစည်းအရုံး၏ အယူအဆနှင့်မူ မကိုက်ညီခဲ့ချေ |
သခင်အောင်ဆန်းနှင့် လူငယ် တစ်စုတို့မှာ ဖက်ဆစ်ဝါဒ တိုက်ဖျက်မှု မပြီးဆုံးခင်မှာပင် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန် အလို့ငှာ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြရာ နောင်အခါ ရဲဘော်သုံးကျိပ် ဟု ထင်ရှားလာခဲ့သည် |
ထို့နောက် သခင်အောင်ဆန်း ဦးဆောင်၍ ဘီအိုင်အေ ခေါ် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်၍ ဂျပန်တပ်မတော်နှင့် ပူးပေါင်းကာ မြန်မာပြည်ကို အင်္ဂလိပ် လက်အောက်မှ ပြန်လည် သိမ်းယူပြီးနောက် ဂျပန် အစိုးရ၏ ဩဇာခံ ရုပ်သေးအစိုးရ တစ်ရပ်ကို ဩဂုတ်လ ၁ ရက်နေ့ ၁၉၄၃ ခုနှစ်တွင် ဂျပန် တပ်မတော်မှ ဖွဲ့စည်းခဲ့သည် |
ထို ဂျပန်တပ်မတော် မြန်မာပြည်တွင်း ဝင်ရောက်လာသည်နှင့် သခင်စိုးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ တောခိုကာ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ ဖွဲ့စည်းရန် လှည့်လည် စည်းရုံးနေခဲ့သည် |
အစိုးရ အဖွဲ့တွင်း လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဖြစ်နေသော သခင်သန်းထွန်း ထံမှလည်း လိုအပ်သော သတင်း အချက်အလက်များ ရရှိနေခဲ့သည် |
အခြား ကွန်မြူနစ် ခေါင်းဆောင်များ ဖြစ်ကြသော သခင်သိန်းဖေနှင့် သခင်တင်ရွှေ တို့ကလည်း ၁၉၄၂တွင် အိန္ဒိယကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ခဲ့ကြသည် |
ထို့နောက် ၁၉၄၄ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ၏ ဒေးဒရဲမြို့တွင် ပထမအကြိမ် ပါတီကွန်ဂရက်ကို သခင်စိုး ဦးဆောင်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေသည် |
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ဗမာ့ ကာကွယ်ရေး တပ်မတော် ဘီဒီအေမှ စတင်သော တစ်ပြည်လုံး ပုန်ကန်ထကြွသည့် ဖက်ဆစ် ဂျပန် တော်လှန်ရေး ကြီးတွင် ကွန်မြူနစ် များကလည်း ရှေ့တန်းမှ ပါဝင်ခဲ့ကြသည် |
မန္တလေးတိုင်းမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ကွန်မြူနစ် ဗိုလ်မှူး တစ်ဦးဖြစ်သော ဗိုလ်မှူးဗထူးကမူ တော်လှန်ရေးကြီး မစတင်မီ သုံးပတ်အလို မတ်လ ၈ ရက်နေ့မှ စတင်၍ တော်လှန်နေ ခဲ့ပြီဖြစ်သည် |
ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်၊ ပြည်သူ့ တော်လှန်ရေး ပါတီ (နောင်အခါ ဆိုရှယ်လစ် ပါတီ) တို့ စုပေါင်း၍ ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ဖဆပလ) ကို ဂျပန် စစ်ရှုံးပြီး တစ်နှစ်အလွန် အင်္ဂလိပ် အုပ်ချုပ်ရေး ပြန်လည် စတင်နေစဉ်တွင် ဖွဲ့စည်းခဲ့ကာ အင်္ဂလိပ်လက်မှ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ်အထိ စုပေါင်း တိုက်ပွဲဝင်ခဲ့ကြ လေသည် |
၁၉၄၅ တွင် အမေရိကန် ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ အားရ်လ် ရပ်ဆဲလ် ဘရောက်ဒါက ဖက်ဆစ်ဝါဒနှင့် နယ်ချဲ့ဝါဒ ယိုယွင်း အားနည်းလာသည်နှင့် အတူ လက်နက်ကိုင် တော်လှန်ရေးသည် အဓိက လိုအပ်ချက် မဟုတ်တော့ပေဟု ဆိုသော သူ၏ ဘရောက်ဒါ ဝါဒကို ထုတ်ပြန်ခဲ့သည် |
သခင်စိုး၏ အတွင်းရေးမှူး နေရာကို ပြောင်းလဲ ခန့်အပ်ခြင်း ခံရသော သခင်သိန်းဖေက ရန်ကုန်မြို့ ဗားကရာလမ်းတွင် ၁၉၄၅ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပါတီ ကွန်ဂရက် တွင် တင်သွင်းခဲ့သည့် ပို၍ ကောင်းမွန်သော တူညီသည့် နားလည်မှုနှင့် ကျယ်ပြန့်စွာ ပူးပေါင်း လုပ်ဆောင်မှု ဟူသည့် ပါတီ၏ နည်းဗျူဟာစာတမ်းအရ ပါတီသည် ဘရောက်ဒါ ဝါဒသို့ ယိမ်းယိုင်ကာ ပြန်လည်ပြင်ဆင်ရေးလမ်းကြောင်းသို့ ဦးတည်နေကြောင်း သခင်စိုးမှ စွပ်စွဲ၍ ပါတီမှထွက်ကာ အလံနီ ကွန်မြူနစ်ပါတီ (သို့) ကွန်မြူနစ် ပါတီ (ဗမာပြည်) ကို ခွဲထွက် တည်ထောင် ခဲ့သည် |
ပါတီဝင် အများစုမှာမူ သခင်သန်းထွန်းနှင့် သခင်သိန်းဖေတို့ ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီ (အလံဖြူ) တွင် ကျန်ရစ်ကာ ဖဆပလနှင့် ဆက်လက် လက်တွဲခဲ့ကြသည် |
အလံဖြူဆိုသည့် အမည်မှာ အလံနီနှင့် ယှဉ်၍ သုံးစွဲခဲ့ကြသော်လည်း အလံဖြူ ဟူသော အမည်ကို ဗမာပြည် ကွန်မြူနစ် ပါတီမှ တရားဝင် လက်ခံခဲ့ခြင်း မရှိခဲ့ပါ |
နှောင်းပိုင်း အင်္ဂလိပ် အစိုးရနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ နောက်ကွယ်တွင် သခင်သန်းထွန်း မှ အကြံပေးနေသည်ဟု ယူဆခဲ့ကြသည်များ ရှိပြီး ဦးနုနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော ဆိုရှယ်လစ် ပါတီနှင့် ဗမာပြည် ကွန်မြူနစ် ပါတီတို့သည် ဖဆပလအတွင်း သဘောထား တိုက်ဆိုင်ခြင်း မရှိကြတော့ပဲ လက်ဝဲ ညီညွတ်မှု ကင်းမဲ့သွားကြသည် |
သခင်စိုးနှင့် သခင်ဘတင် တို့ ၁၉၄၅ စက်တင်ဘာတွင် ဘရောက်ဒါဝါဒ၏ တိုက်ခိုက်မှုကို ခံရပြီး ဖြစ်သော အိန္ဒိယ ကွန်မြူနစ် ပါတီ ကို သွားရောက် ဆက်သွယ်ပြီး အပြန်တွင် သခင်စိုးက လက်နက်ကိုင် တော်လှန်ရေး သည်သာ ရှေ့သို့ တိုးတက်အောင် လုပ်နိုင်ပေမည် ဟု စည်းရုံးခဲ့သည် |
ဗမာပြည် ကွန်မြူနစ် ပါတီလည်း ဘရောက်ဒါ ဝါဒကို စွန့်ပယ်ခဲ့သည် |
ထို့နောက် သခင်အောင်ဆန်းက ကွန်မြူနစ် ပါတီနှင့် ဆိုရှယ်လစ်ပါတီအကြား လက်ဝဲ ညီညွတ်မှု ရရှိရန် ကြိုးစားခဲ့ သော်လည်း သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ကာ ဆိုရှယ်လစ်တို့က သခင်သန်းထွန်းကို ဇူလိုင်လတွင် ဖဆပလ အထွေထွေ အတွင်းရေးမှူး ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးသည် |
အဆိုပါ အဖြစ်အပျက်မှ နောက်ဆုံးတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို ဖဆပလအဖွဲ့ကြီး အတွင်းမှ ထုတ်ပစ်လိုက်သည် အထိ ဆက်တိုက် ဖြစ်ပွားခဲ့သည် |
ထိုသို့ ထုတ်ပစ်ရခြင်းကို သခင်နု၏ ရှင်းလင်းချက်အရ ဗမာပြည် ကွန်မြူနစ် ပါတီသည် ဖဆပလ၏ သဘော မပါဝင်ပဲ တစ်ပါတီတည်းက လူထုအုံကြွမှုကို ပြည်သူ့အာဏာ ဂျာနယ်နှင့် အခြား နေရာများတွင် မရပ်မနား ဝါဒ ဖြန့်နေခဲ့မှုကြောင့်ဟု ဆိုသည် |
ထို့နောက် ဗမာပြည် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်ပြင်ပတွင် သီးခြားမြေပေါ်ပါတီတခုအဖြစ် ဆက်လက်ရပ်တည်ကာ သခင်အောင်ဆန်းနှင့် ဆိုရှယ်လစ်များကို "နယ်ချဲ့ဝါဒ အောက်တွင် ဒူးထောက် ကြပြီ"ဟု စွပ်စွဲပြောဆိုမှုများရှိခဲ့သည် |
Subsets and Splits